ဝန်ဆောင်မှု ကို အသုံးပြုသူများ၏အင်တာဗျူး

Interview

#002

“စိတ်အေးချမ်းစွာ အလုပ်အလုပ်နိုင်ခဲ့ပါတယ်”

MYO HTET AUNG
(ミョー テッェ アウン)さん
32နှစ် (ကျား)
(မြန်မာ၊ ရန်ကုန်)
စိုက်ပျိုးရေးလုပ်ငန်း

Q.ပထမဆုံးအနေနဲ့ ဂျပန်နိုင်ငံမှာအလုပ်လာလုပ်ရန် ပထမဆုံးအကြောင်းဖန်လာခဲ့ပုံကို ပြောပြပေးပါ။

ဂျပန်နိုင်ငံသို့မလာခင် စင်ကာပူနိုင်ငံတွင် အသက် 19နှစ်မှ 28 နှစ် အထိ 7နှစ်ကြာ သင်္ဘောကျင်းအလုပ်ကို လုပ်ခဲ့ ပါသည်။ မိသားစုစားဝတ်နေ‌ရေးကိုအထောက်အပံ့ပေးနိုင်ရန် အတွက် ဂျပန်နိုင်ငံသို့အလုပ်သင်သင်တန်းသားအနေ ဖြင့်လာခဲ့ပါသည်။

Q.ဂျပန်နိုင်ငံတွင်းအတွေ့အကြုံများ ကို‌လည်းပြောြပပါ။

မီယာဇာခီခရိုင် တွင် ပုလပ်စတစ်‌ဟောက်စ်ဖြင့်စိုက်သော ပဲပန်းစိုက်ခြင်း ထုပ်ပိုးရောင်းချခြင်း စသည့် အလုပ်များ ကို သင်ယူခဲ့ပါသည်။ ယခု ထိုကုမ္ပဏီတွင်ပင် ငရုပ်ပွ စိုက်ပျိုးခြင်းများကို ဆက်လက်လုပ်ကိုင်နေပါသည်။

Q.နောက်ထပ် အိပ်မက်များ၊ ရည်မှန်းချက်များကို လည်းပြောပြပါအုံး။

အလုပ်ပိုင်ရှင် သူဌေးလင်မယားသည် ကျွန်တော့အားသားအရင်းကဲ့သို့ ကြင်နာ သဘောကောင်းကြပါသည်။ အရမ်းကျေးဇူးတင် ဝမ်း‌သာပါသည်။ ဂျပန်လူမျိုးများသည် အမှန်တကယ် ကြင်နာ သဘောကောင်းကြပါသည်။ ဂျပန်နိုင်ငံတွင် သင်ယူလေ့လာခဲ့တဲ့အတတ်ပညာများဖြင့် ကျွန်တော်မိဘပိုင်လယ်ယာများကိုပို၍ချဲ့ထွင် လုပ်ကိုင်ချင် ပါသည်။ ကျွန်တော့၏ ထွက်ကုန်များကို ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်သည့် အ‌ခြေအနေအထိဖြစ်စေချင်ပါသည်။

Q.IKASU JOB နှင့်ပတ်သက်၍ ပြောချင်တာများရှိပါသလား။

နိုင်ငံခြားသားများနှင့်ပတ်သက်ပြီး အလုပ်ရှာရလွယ်၍ ဆန္ဒနှင့်ကိုက်ညီသော အခြေအနေကို ရှင်းပြပေးသောကြောင့် စိတ်ချလက်ချ အလုပ်လုပ်နိုင်ခဲ့ပါတယ်။ ကျတော့၏သူငယ်ချင်းများလည်း IKASU.JOB ၏ဝန်ဆောင်မှုဖြင့် အလုပ် လုပ်နေကြပါသည်။ ဂျပန်နိုင်၏ဗီဇာလျှောက်ခြင်း၊ စာမေးပွဲဖြေရန် ဖောင်တင်ပေးခြင်းများကို ကူညီ၊သင်ပြ ပေး ပါသည်။ နောင်လဲ တောက်လျှောက် နိုင်ငံခြားသားများ၏ ဆန္ဒကိုပြည့်စေသော ဆိုဒ်တခုအနေနဲ့ဆက်လက်ရှိနေစေ ချင်ပါသည်။

インタビュー サービス利用者の声をお届けいたします。

ပို့စ်တင်လိုသော၊ မှတ်ပုံတင်လိုသောကိစ္စများအတွက်စိတ်ပေါ့ပါးစွာ ဆက်သွယ်နိုင်ပါသည်။

092-622-0115
ဖုံးဆက်သွယ်၍ရသောအချိန် 9:00-17:00(တနင်္လာမှ သောကြာအတွင်း)