ဝန်ဆောင်မှု ကို အသုံးပြုသူများ၏အင်တာဗျူး

Interview

#003

“ဂျပန်နိုင်ငံ၏ယာဥ်ကျေးမှု ၊ နည်းပညာများကို စိတ်ဝင်စား၍ ဂျပန်နိုင်ငံသို့ လာခဲ့ပါတယ်”

PHYU ZIN WIN
(ピュ― ジン ウィン)さん
24နှစ် (မ)
(မြန်မာ၊ ရန်ကုန်)
ထုတ်ကုန်လုပ်ငန်း

Q.ပထမဆုံးအနေနဲ့ ဂျပန်နိုင်ငံမှာအလုပ်လာလုပ်ရန် ပထမဆုံးအကြောင်းဖန်လာခဲ့ပုံကို ပြောပြပေးပါ။

အသက် ၁၉ နှစ်အရွယ်မှာ အလုပ်လုပ်ရင်း ပထဝီအထူးပြုဘွဲ့ရသည်အထိ တက္ကသိုလ်တက်ရန်ရည်ရွယ်ထားခဲ့ပေမဲ့ တက္ကသိုလ်ပထမနှစ်တွင် ဂျပန်စာကိုလေ့လာသောအခါ ဂျပန်နိုင်ငံရဲ့နည်းပညာနှင့် ဂျပန်လူမျိုးတွေရဲ့ အလုပ်လုပ်ကိုင် ပုံများကို စိတ်ဝင်စား၍ လေ့လာသင်ယူလိုသောကြောင့် အလုပ်သင် သင်တန်းသားအနေဖြင့် ဂျပန်ကိုလာခဲ့ပါတယ်.။

Q.ဂျပန်နိုင်ငံတွင်းအတွေ့အကြုံများ ကို‌လည်းပြောြပပါ။

KUMAMOTO KIKUCHI မြို့မှာရှိတဲ့ ပလက်စတစ်မိုလောင်းစက်ရုံတွင် အလုပ်သင် သင်တန်းသားအဖြစ် ၃နှစ်တာလုပ်ပြီးပါပြီ။ ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေ နှင့် ကိုလိုနာရောဂါလည်းပဲ ဖြစ်ပွားနေသောကြောင့် အမိနိုင်ငံသို့မပြန်နိုင်သေးပဲအလုပ်သင်သင်တန်းသားအနေဖြင့်၂နှစ်သက်တမ်းတိုးခဲ့ပါတယ်။ ဂျပန်စာ N3 ကိုအောင် မြင်ပြီး N2ကိုဖြေနိုင်ဖို့အတွက်ကြိုးစားနေပါတယ်.

Q.နောက်ထပ် အိပ်မက်များ၊ ရည်မှန်းချက်များကို လည်းပြောပြပါအုံး။

ဂျပန်စာ N2အောင်မြင်ရန်ကြိုးစားနေ၍ အင်ဂျင်နီယာအဖြစ်ဖြင့် ဂျပန်နိုင်ငံတွင်ကြာရှည်စွာနေထိုင်အလုပ်လုပ် ၍ မိသားစုကို ထောက်ပံ့လိုပါသည်၊၊ နောက်ဆုံးတွင် စုဆောင်းထားသော ‌‌ငွေဖြင့် ကိုယ့်နိုင်ငံတွင် ကိုယ်ပိုင်လုပ်ငန်းကို လုပ်ချင်ပါသည်။

Q.IKASU JOB နှင့်ပတ်သက်၍ ပြောချင်တာများရှိပါသလား။

အောင်လက်မှတ်အသစ်ယူပီးလျှင် အတွေ့အကြုံ၊ အလုပ်အသစ် အတွက်ကြိုးစားချိန်တွင် ကူညီပေးပါ။

インタビュー サービス利用者の声をお届けいたします。

ပို့စ်တင်လိုသော၊ မှတ်ပုံတင်လိုသောကိစ္စများအတွက်စိတ်ပေါ့ပါးစွာ ဆက်သွယ်နိုင်ပါသည်။

092-622-0115
ဖုံးဆက်သွယ်၍ရသောအချိန် 9:00-17:00(တနင်္လာမှ သောကြာအတွင်း)